Tuesday, December 31, 2013

တန်ဖိုးရှိတဲ့ မိန်းမဆိုတာ

ပွဲသိမ်းခရာ မမှုတ်သေးခင် 
ရှုံးပြီလို့မပြောပါနဲ့ဦး..။

 ကျားသစ်ဆိုတာ 
အရေခွံဆုတ်ပြီးမှ 
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။

 ပိုးဟပ်တစ်ကောင်ဟာ
 ခေါင်းမပါဘဲနဲ့ ရက်အတော်ကြာ 
အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။

 အသက်ရှူ ရပ်သွားတာတောင် 
ဦးနှောက်အလုပ်လုပ်နေရင်
 သေပြီလို့ မဆိုနိုင်သေးဘူး..။ 

ငါ့နှလုံးခုန်သံ
 သဲ့သဲ့လေးပဲကျန်တော့လို့ 
မင်းသိပ်ပျော်နေလား ဟင်..။ 

စိတ်ချ…..
 နောင်ဘဝကျရင်လည်း
 ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။

 ဒီလိုပဲ..
 တန်ဖိုးရှိတဲ့ မိန်းမဆိုတာ 
စာအုပ်ကောင်းတစ်အုပ်လိုပဲ 
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
 ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။ 

 မင်းလူ

Monday, December 30, 2013

မျှော်လင့်ခြင်း အလင်း












နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။

ကယ်မယ့်သူ မျှော်စောင့်ရင်းနဲ့
ပိန်းပိတ် မှောင်မဲ။

နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။

ဝတ်ဆံချွေ အဆိပ်ပိုးတွေက
ခေါက်တုန့် ရစ်ဝဲ။

နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။

ကောင်းကင်မှာ ကြယ်ကလေး
သူ့ကြယ်မှုန် ၀တ်ရည်ဆေးနဲ.
နှင်းဆီကို လန်းအောင်ဖြန်းပါလို့
ကုသ နေဆဲ။


မောင်သစ်မင်း

လမ်းပေါ်မှာ

လှလိုက်တာ၊ ငါ တီးတိုးဆိုမိ

ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ

လမ်းပေါ်မှာ၊  ငါလျှောက်လှမ်းနေချိန်မှာ

လမ်းပေါ်မှာ၊ လမ်းပေါ်မှာ

လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။


ခင်ဝမ်း  (၁၉၉၃)

သောကခြေရာ (၂)

စံပယ်ပွင့်ပေမယ့်၊
စံပယ်နှင့် မတန်သူပါခင်။
မဆင်ရဲသူမို့၊
ရင်ထဲမှာ တိတ်တခိုးနဲ့၊
မြတ်နိုးခုံမင်။
အပင်ကိုပျိုးသူမို့၊
မြတ်နိုးလျှင် ပန်ဆင်ထိုက်ပေမယ့်၊
ပန်လိုက်လျှင် နံ့သာခိုးသူလို့၊
ယိုးစွပ်ကာ စွဲချက်တင်၊
ပတ်ဝန်းကျင် ဆိုမှာပေါ့။
သည်တော့ကွယ် စံပယ်နှစ်၊
ပန်းချစ်သူ အဆင်ခက်ပြီမို့၊
ပင်ထက်မှာ အလှဆင့်ကာ၊
(စံပယ်ရယ် …) ပွင့်လိုက်ပါတော့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)

Sunday, December 8, 2013

ကိုခင်မောင်တိုး...

ရဟန်းသံဃာတွေ ရှောင်ကြဉ်ရမယ့် အနေသန(၂၁)ပါးက ဘာတွေလဲ

ရဟန်းသံဃာဖြစ်လာကြလျှင် “အနေသန”ကို ရှောင်ကြဉ်ရပါမည်။ အနေသနဟူသည် မရှာမှီးအပ်သော အခြားအရာဖြင့် ရှာမှီးခြင်းဖြစ်၏။
ရှင်းစွာဆိုရလျှင် ဒကာ၊ ဒကာမများ မိမိအပေါ်ဝယ် လာဘ်လာဘများသွန်းဖြိုးလာစေရန် မအပ်စပ်သော လာဘ်ခေါ်သည့်အပြုအမူ၊အလုပ်အကိုင်များ ဆောင်ရွက်ခြင်းပင် ဖြစ်လေသည်။
ရဟန်းသံဃာတော်များသာမက သာမဏေများအဖို့ အနေသန (၂၁) ပါးကို ရှောင်ကြဉ်ရန် အရေးကြီး
ပါသည်။
အဆိုပါ အနေသန (၂၁) ပါးမှာ ...

၁။ အံဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း။
၂။ လာဘ်ရအောင် မြှူဆွယ်ပြောဆိုခြင်း။
၃။ တစ်ဦးလှူဒါန်းထားသည်ကို တစ်ဦးအားသိစေခြင်း။
၎။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း။
၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာသို့ ပေးခြင်း။
၆။ သစ်သားပေးခြင်း၊ ဝါးပေးခြင်း။
၇။ သစ်ရွက်၊ ပန်းပွင့်၊ သစ်သီးပေးခြင်း။
၈။ ဆပ်ပြာ၊ မြေညက်ပေးခြင်း။
၉။ မိမိကိုယ်ကို နှိမ့်ချ၍ပြောခြင်း။
၁၀။ အမှန်နည်းပါး အမှားများသောစကားကိုဆိုခြင်း။
၁၁။ မျက်နှာသစ်ရေ၊ ဒန်ပူပေးခြင်း။
၁၂။ ကလေးထိန်းပေးခြင်း။
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း။
၁၄။ မြေနေရာ ကောင်း၊ မကောင်း ရွေးပေးခြင်း။
၁၅။ မဂ်ဖိုလ်မှ ဖီလာအတတ်ကို သင်ပေးခြင်း။
၁၆။ အင်္ဂဝိဇ္ဇာဟောခြင်း၊ ဗေဒင်ဟောခြင်း။
၁၇။ နက္ခတ်ရွေးပေးခြင်း။
၁၈။ လူတို့၏ ခိုင်းစေမှုကို ခံယူခြင်း။
၁၉။ ဆေးကုပေးခြင်း။
၂၀။ ဆွမ်းတုံ့ပေးခြင်း။
၂၁။ မိမိအား လှူထားသောပစ္စည်းကိုပေးခြင်း။
စသည်တို့ ဖြစ်ကြသည်။

နှစ်ပတ်လည်အထိမ်းအမှတ်

၁။ ၁-နှစ်မြောက် - စက္ကူရတု
၂။ ၂-နှစ်မြောက် - ဂွမ်းရတု
၃။ ၃-နှစ်မြောက် - သားရေရတု
၄။ ၄-နှစ်မြောက် - ပိုးရတု
၅။ ၅-နှစ်မြောက် - သစ်သားရတု
၆။ ၆-နှစ်မြောက် - သကြားရတု
၇။ ၇-နှစ်မြောက် - သက္ကလုပ်ရတု
၈။ ၈-နှစ်မြောက် - ကြေးရတု
၉။ ၉-နှစ်မြောက် -ဥသဖရားရတု
၁၀။ ၁၀-နှစ်မြောက် - သံဖြူရတု
၁၁။ ၁၁-နှစ်မြောက် - သံမဏိရတု
၁၂။ ၁၂-နှစ်မြောက် - ချည်ရတု
၁၃။ ၁၃-နှစ်မြောက် - ဇာပန်းရတု
၁၄။ ၁၄-နှစ်မြောက် - ဆင်စွယ်ရတု
၁၅။ ၁၅-နှစ်မြောက် - သလင်းရတု
၁၆။ ၂၀-နှစ်မြောက် - ကြွေရတု
၁၇။ ၂၅-နှစ်မြောက် - ငွေရတု
၁၈။ ၃၀-နှစ်မြောက် - ပုလဲရတု
၁၉။ ၃၅-နှစ်မြောက် - ကျောက်စိမ်းရတု
၂၀။ ၄၀-နှစ်မြောက် - ပတ္တမြားရတ
၂၁။ ၄၅-နှစ်မြောက် - နီလာရတု
၂၂။ ၅၀-နှစ်မြောက် - ရွှေရတု
၂၃။ ၅၅-နှစ်မြောက် - မြရတု
၂၄။ ၆၀-နှစ်မြောက် - စိန်ရတု
၂၅။ ၇၅-နှစ်မြောက် - ဒုတိယစိန်ရတု
၂၆။ ၉၀-နှစ်မြောက် - နဝရတ်ရတု

စကား

  1. စာဖတ်ခြင်းသည် လူကို ပြည့်ဝစေသည်။
    ပြောဆိုဆွေးနွေးခြင်းသည် လူကို ကျွမ်းကျင်ပြင်ဆင်ပြီး ဖြစ်စေသည်။
    ရေးသားခြင်းကား တိကျသေချာစေသည်။
    ( ဖရန်စစ် ဘေကွန် )
  2. အမျိုး၏ အကျိုးငှာ တစ်ယောက်သော သူကို စွန့်ရာ၏။
    ရွာ၏ အကျိုးငှာ အမျိုးကို စွန့်ရာ၏။
    ဇနပုဒ် အကျိုးငှာ ရွာကို စွန့်ရာ၏။
    မိမိအကျိုးငှာ မြေအားလုံးကို စွန့်ရာ၏။
    ( လောကနီတိ )
  3. အတတ်ပညာကို ဖြေးဖြေးသင်ရာ၏။
    ဥစ္စာကို ဖြည်းဖြည်းရှာရာ၏။
    တောင်ကို ဖြည်းဖြည်းတတ်ရာ၏။
    အိမ်ထောင်ပြုခြင်းကို ဖြည်းဖြည်းသာ စဉ်းစားရာ၏။
    အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
    ( လောကနီတိ )
  4. တချို့က. . .
    အခက်အခဲကို အကြောင်းပြုပြီး......ဦးကျိုးတယ်။
    တချို့က. . .စံချိန်ချိုးတယ်။
  5. နေရာတိုင်းမှာ ဂီတ ရှိသည်။
    နားရှိသူတွေ အတွက်ပေါ့။
    ( အော်စကာဝိုင်းလ် )
  6. စာအုပ်၌ ရှိသော အတတ်ပညာ နှင့် သူတစ်ပါး၏ လက်၌ ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်။
    အကြောင်းကိစ္စပေါ်ပေါက်သော အသုံးချ၍ မရ။

Monday, August 5, 2013

Tuesday, July 30, 2013

လည်ပတ်နေသောကံလက်တံ

ရေဆန်ကိုပြန်တက်တဲ့ငါးတွေ.....
လေဆန်မှာပျံသန်းတဲ့ငှက်တွေ......
ရာသီဒဏ်အံတုတဲ့သစ်ပင်.....

တစ်ခါတစ်ရံမှာကိုယ်မှားတဲ့အပြစ်တွေ....
ကိုယ်ခံရုံဘယ်သူ့မှလည်းမပုံ.......
ယုံကြည်ရာဆက်လှမ်းလို့နေဆဲ....

နေမယ်ဆိုဘ၀ပေးတဲ့အထိလေ...
ကံကုန်ရင်ဘယ်ဘ၀ဆက်ရောက်မယ်...
မမြင်နိုင်တယ်မျက်ကန်းတစ်ယောက်လိုဘဲ..

လွယ်လွယ်နဲ့စုန်ဆင်းခဲ့ကြသလို
ဆန်ချိန်ကြအံတင်းအားခဲကာ..
နေရာမှန်အဆင်သင့်ရှိခဲ့လည်း.......
လူမှန်ဟာအိပ်လို့ကောင်းနေတုန်း.....

အား......ဘ၀ဟာခါးသည်းလှချည်လား
ဟား.....ဘ၀ဟာတန်ဘိုလည်းကြီးမားတယ်
အိုး.....မပြည့်တဲ့အိုးတစ်အိုးမို့လည်း
ရောက်.....ခဲ့ဘူးတယ်အမှောင်လမ်းများ

ကံကိုယုံ..ဖွင့်ထားတဲ့အဘိဓါန်......
အပေါ်ယံ..လွှာခြုံထားတဲ့အလှတွေ....
တစ်ခါတစ်လေအိမ်မက်မက်ဖို့အတွက်...
အပျော်တွေဟာ........ခါးခါးသက်သက်.နိုးထနေတယ်...

စိန်တိုး (၃၀-၇-၂၀၁၃)

Monday, July 22, 2013

https://soundcloud.com/sein-tooe/sets/m0usgkt4ngdg

သမုဒယကျောင်း ( ၂ )


ဆရာ ဆရာမတွေနဲ့ …..တစ်ခါကတပည့်တွေ
ကံမကုန်သေးလို့ …..နောက်ထပ်တို့တစ်တွေ……. ပြန်ဆုံတွေ့ပြီပဲ
ဒီနေရာဟောင်းလေး …အရိပ်မယ်
အသွင်ရယ်မတူပေမဲ့ ….. ဇရာဖက်ခဲ့ပြီ
အရွယ်လွန်ညောင်းလဲ ……တို့ရဲ့စိတ်တွေငယ်စဉ်ဘ၀ဆီဘဲ
မြင်မြင်ရာလွမ်းစိတ်တူခဲ့တယ်
သမုဒယကျောင်း…. အခုဘ၀မှာဘယ်တော့မှ…. မဟောင်းနွမ်းပေ
အနုသယ၀ဲ …..သူငယ်ချင်းရေ …..တယုတယလက်ဆွဲ
သမုဒယကျောင်း…… အခုဘ၀မှာဘယ်တော့မှ …..မဟောင်းနွမ်းပေ
အနုသယ၀ဲ…. သူငယ်ချင်းရေ …..တယုတယလက်ဆွဲ
စာသင်ခန်းဆီမှ… ဘ၀ခရီးစခန်းဆီ
ပုံဖေါ်ထုဆစ် ….ပျိုးခင်းရိပ်လို့ အတူဆုံခဲ့ပြီပဲ
အချိန်တွေကြား ….. တစ်ဖြည်းဖြည်း တိုတွေကွဲ
သမုဒယကျောင်း… အခုဘ၀မှာဘယ်တော့မှ …..မဟောင်းနွမ်းပေ
အနုသယ၀ဲ ….သူငယ်ချင်းရေ ….တယုတယလက်ဆွဲ
သမုဒယကျောင်း…. အခုဘ၀မှာဘယ်တော့မှ…. မဟောင်းနွမ်းပေ
အနုသယ၀ဲ …သူငယ်ချင်းရေ …..တယုတယလက်ဆွဲ
တေးရေး မောင်စိန်ဝင်း (ပုတီးကုန်း) သံစဉ် နိုင်မင်း၊ခင်မောင်တိုး တေးဆို ခင်မောင်တိုး

ယိမ်းကနေသည်

စောင့်ကြိုသူမျှော်တဲ့လမ်း
လှမ်းဆက်ဖို့ကမ်းလက်မမှီနိုင်
ရင်ထဲကတစ်ပြည်သူအလွမ်း
ျမှန်းထားတဲ့လမ်း အတွေးစုံညီ
ရာသီချိန်မမှီ အဆန်းလဲမဟုတ်တော့ပြီ

အီမ်မက်ရယ်ဒီအနမ်း
သင်းပျပျပါးနှစ်ဖက်မှာ
ကျန်ခဲ့သူမျှော်တဲ့လမ်း
ထူးကဲတဲ့အလွမ်းအပွင့်စုံသည်
အတူဆုံမဲ့အရေးလည်း နက္ခတ်လွဲခဲ့ပြီ

အမြင်တွေလဲ ယီမ်းကနေတယ်
အပူတွေလဲ ယီမ်းကနေတယ်
ကမ္ဘာမြေကြီး ယီမ်းကနေတယ်
ကြယ်တွေလဲ ယီမ်းကနေတယ်
လေပြေလေး ယီမ်းကနေတယ်
တိမ်တွေလဲ ယီမ်းကနေတယ်
ချည်မဲ့ကြိုးလေး ယိမ်းကနေတယ်
နွယ်ပင်လေးလဲ ယီမ်းကနေတယ်
ဆံနွယ်လေးများ ယီမ်ကနေတယ်
အချစ်ဆုံးတစ်ယောက် ယီမ်းကနေတယ်။
စိန်တိုး(၁၀.၁.၂၀၁၃)

အခမဲ့သောကြိုး







မှောင်နေတဲ့ညရဲ့ကောင်းကင်ထဲက
 ကြယ်တွေဟာလင်းတစ်ခါမှိတ်တစ်လှည့်နဲ့ကွယ်... 
 မရွာမဲ့မိုးကိုစောင့်မျှော်ရင်းနဲ့ 
အာရုံဟာတံခါးကိုဖွင့်လို့အပြင်ထွက်လည်.....
 ဆောင်းပြီးတိုင်း ဆောင်းထပ်ဖြစ်လိုက် 
အဟောင်းနောက်က အဟောင်းကဆက်လိုက်
 ပြောင်းလဲသွားတဲ့နေ့ရက်များစွာ...
 မိုးပြီးတိုင်းမိုးထပ်ဖြစ်လိုက် 
အချစ်နောက်ကအချစ်ကဆက်လိုက်
 အခမဲ့တဲ့ကြီုးပေါင်းများစွာ.......
 စိန်တိုး ၂၄.၀၁.၂၀၁၃ (၀၀း၂၉)

သာတဲ့လ

အငွေ့

Monday, January 21, 2013

Tuesday, January 15, 2013

Money for nothing


Another brick in the wall


အိမ်မက်ပုန်း




အိမ်မက်ပုန်း
အိမ်မက်ပုန်းဆိုတာ……ဘယ်သူ့ကိုမှထုတ်မပြတဲ့…..မျှော်လင့်ချက်တစ်မျိုးပါ…
အနာခံရမယ်ဆိုရင်လဲ…ခံနေကျမို့…..ထပ်ပြီးပေးဆပ်သွားရုံပါ….
အသာစံရမယ်ဆိုလဲ….စံနေကျလို….မကဲပဲနဲ့….အရသာရှိသွားရုံပါ…..
ဒီခံစားချက်လေးရှိနေတော့
တိုတောင်းတဲ့ဘ၀လို့…..တစ်ချို့ကမြင်တဲ့
ရှည်လျှားတဲ့ဘ၀လို့………တစ်ချို့ကထင်တဲ့
ဆက်ရအုံးမဲ့ဘ၀လို့……….တစ်ချို့ကဟောတဲ့
မသေခင်နေရတဲ့ဘ၀ကို…..သေပျော်မသေပျော်……မသိသေးပေမဲ့
အနေတော်နေပီမို့
ဘ၀ကအနိုင်ပေးလဲ….မရီပဲနဲ့ပြုံးရုံပါ
ဘ၀ကအနိုင်ပိုင်းလဲ….မငိုမမဲ့ပဲ….အောင့်တာကိုတောင့်ထားနိုင်ရုံပါ။
ကံကောင်းတာတွေကနေ…..ပေါက်ဖွားလာတဲ့……အသီးအပွင့်တွေကိုဝေမျှရင်း
ကမ္ဘာသူကမ္ဘာသားတွေထဲမှာ….တစ်ယောက်လာဖြစ်လို့
ဝမ်းသာပါတယ်..ဂုဏ်ယူပါတယ်….ကျေးဇူးလဲတင်ပါတယ်
နောင်ဘ၀ရှိအုံးမယ်ဆိုရင်လဲ
ပြန်ပြီးဆုံချင်ကြုံချင်ကြောင်း
ဆုတောင်းရင်း………………………………..
(ဆရာစိုင်းခမ်းလိတ် ရဲ့ နှစ်သစ်ဆုတောင်း ကိုမျှဝေပါသည်)

Hello


Nakabuchi Tsuyoshi