Sunday, December 8, 2013

စကား

  1. စာဖတ်ခြင်းသည် လူကို ပြည့်ဝစေသည်။
    ပြောဆိုဆွေးနွေးခြင်းသည် လူကို ကျွမ်းကျင်ပြင်ဆင်ပြီး ဖြစ်စေသည်။
    ရေးသားခြင်းကား တိကျသေချာစေသည်။
    ( ဖရန်စစ် ဘေကွန် )
  2. အမျိုး၏ အကျိုးငှာ တစ်ယောက်သော သူကို စွန့်ရာ၏။
    ရွာ၏ အကျိုးငှာ အမျိုးကို စွန့်ရာ၏။
    ဇနပုဒ် အကျိုးငှာ ရွာကို စွန့်ရာ၏။
    မိမိအကျိုးငှာ မြေအားလုံးကို စွန့်ရာ၏။
    ( လောကနီတိ )
  3. အတတ်ပညာကို ဖြေးဖြေးသင်ရာ၏။
    ဥစ္စာကို ဖြည်းဖြည်းရှာရာ၏။
    တောင်ကို ဖြည်းဖြည်းတတ်ရာ၏။
    အိမ်ထောင်ပြုခြင်းကို ဖြည်းဖြည်းသာ စဉ်းစားရာ၏။
    အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
    ( လောကနီတိ )
  4. တချို့က. . .
    အခက်အခဲကို အကြောင်းပြုပြီး......ဦးကျိုးတယ်။
    တချို့က. . .စံချိန်ချိုးတယ်။
  5. နေရာတိုင်းမှာ ဂီတ ရှိသည်။
    နားရှိသူတွေ အတွက်ပေါ့။
    ( အော်စကာဝိုင်းလ် )
  6. စာအုပ်၌ ရှိသော အတတ်ပညာ နှင့် သူတစ်ပါး၏ လက်၌ ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်။
    အကြောင်းကိစ္စပေါ်ပေါက်သော အသုံးချ၍ မရ။

No comments: